Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, June 29, 2011

တရုတ်ဘက်မှ မြန်မာတပ် ဝင်တိုက်မည်ဟု KIA မယုံကြည်

ဘကောင်း Wednesday, 29 June 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအား တရုတ်နိုင်ငံ နယ်နမိတ် အတွင်းမှတဆင့် စစ်ဆင်ရေးဆင်နွှဲရန် တရုတ်အစိုးရက မြန်မာအစိုးရတပ်ကို ခွင့်ပြုလိမ့်မည်ဟု အယုံအကြည်မရှိကြောင်း KIA ခေါင်းဆောင်များက ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

21588-kachin_china
မြန်မာနိုင်ငံကချင်ပြည်နယ် လိုင်ဇာမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ရှိ နယ်ခြားဂိတ် (ဓာတ်ပုံ - ဧရာဝတီ)




Read More...

Friday, June 24, 2011

နေပြည်တော်၏လျို့ဝှက်အမိန့်

NEW_WAYS_FOR_ALL

Read More...

Thursday, June 23, 2011

တရားဝင်ကမ်းလှမ်းမှ အပစ်ရပ်မည်ဟု KIA ပြော

ရန်ပိုင် Thursday, 23 June 2011

အစိုးရထံမှ တရားဝင်ကမ်းလှမ်းချက် ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးတွင် အစိုးရအဖွဲ့ထံမှ တရားဝင်ကမ်းလှမ်းချက်ကိုသာ လိုလားကြောင်း၊ ပြင်ပအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ထံမှ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုမျိုးကိုမူလက်မခံနိုင်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

KIA_Officers_Tensions
စစ်ရေး လေ့ကျင့်နေသည့် KIA အရာရှိလောင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ - news.bbc.co.uk)
“အပစ်အခတ်ရပ်စဲဖို့ အသင့်ပါ၊ တကယ်အပစ်ရပ်ကြောင်းကို အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် ဒါမဟုတ် စစ်ဘက် ဆိုင်ရာ အရာရှိတဦးက အာမခံချက်ပေးရမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရတပ်များအနေဖြင့် လက်ရှိ နှစ်ဘက်ရင်ဆိုင်ထားသည့် ရှေ့တန်းစခန်းများတွင် အပစ်အခတ်ရပ်စဲထားသည့်ဟု ပြောဆိုမှုများ ရှိနေသော်လည်း တရားဝင်ပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးလနန်က ပြောသည်။

Read More...

Tuesday, June 14, 2011

ဘုရားသုံးဆူမြို့တွင် နေ့ခင်းဘက် ၀င်ရောက်ပစ်ခတ်မှုကြောင့် အိမ်မီး လောင်ကျွမ်း

14 Jun 2011
ကေအိုင်စီ သတင်း


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အတွင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့က ယနေ့ နေ့လည် ၁၂နာရီခွဲ အချိန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

အင်အား အတိအကျ မသိရှိရသည့် ၎င်းလက်နက်ကိုင်အဖွဲ့မှာ ကားဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင် တင်ဝင်း၏ နေအိမ်ကို ပစ်ခတ်မီးရှို့ခဲ့သည်ဟု ကိုယ်တိုင်တွေ့မြင်ရသူ မြို့ခံတစ်ဦးက ပြောသည်။

 

Read More...

Saturday, June 11, 2011

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

11 Jun 2011  စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။

Read More...

ထိုင်း၊ မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို

ဦးဝင်းမင်း  သောကြာ, 10 ဇွန် 2011


ထိုင်းအစိုးရက မြန်မာဒုက္ခသည် လူဦးရေစာရင်း ကောက်ယူနေတာကို ဒုက္ခသည်အရေးတွေ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ကြိုဆိုလိုက်ပါတယ်။ အဲဒီလို လူဦးရေစာရင်း ကောက်ယူတာကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆိုတာကို မေးမြန်းစုံစမ်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။


Read More...

Friday, June 10, 2011

ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်

10 Jun 2011 စောသိန်းမြင့်(ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက် မှ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်ဘက်တွင် အစိုးရစစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့ များက နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ယခုလို စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၆)မှ ဗိုလ်ကြီးစောထဲနေက ပြောသည်။

 

Read More...

Wednesday, June 8, 2011

မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ဒေသခံများ ရှေ့ပြေးအဖြစ် အသုံးပြုခံနေရ

08 Jun 2011 ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ ထိုဒေသရှိ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ကရင်ရွာသား ၃၀ကျော်ကို စစ်ကြောင်း၏ ရှေ့ပြေးလမ်းပြအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။


Read More...

Tuesday, June 7, 2011

ဖောက်ခွဲမှုအပြီး ဘုရားသုံးဆူမြို့ ကျောင်းနှင့် ဆိုင်များ ပိတ်သိမ်း

June 6th, 2011

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယမန်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံးနှင့် အချို့နေရာများ၌ ဖေါက်ခွဲ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့တွင်းရှိ ရွှေဆိုင်၊ ကုန်စုံဆိုင်များနှင့် စာသင်ကျောင်းများကို ယနေ့ ပိတ်သိမ်းထားကြကြောင်း မြို့ခံများထံမှ သိရသည်။
“ဆိုင်ငယ်အချို့ပဲ ဖွင့်ကြပါတယ်၊ ရွှေဆိုင်တို့လို တန်ဖိုးကြီး ဆိုင်တွေ မဖွင့်ကြဘူး” ဟု မြို့ခံတဦးက ပြောသည်။


Read More...

Saturday, June 4, 2011

SSA နဲ့ အစိုးရတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

2011-06-03

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်မြို့တောင်ဘက် ၇ မိုင်အကွာရှိ SSA စခန်းထိုင်ထားတဲ့ နေရာမှာ မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ ဒီကနေ့ မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၂ နာရီ လောက်အထိ တိုက်ပွဲတွေ မရပ်သေးဘူးလို့ သိရပါတယ်။

Map by Shan Human Rights Foundation
၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံအညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ (Map by Shan Human Rights Foundation)
ရှမ်းပြည်နယ် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို လေ့လာနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

Read More...

Thursday, June 2, 2011

ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်

ရန်ပိုင် Thursday, 02 June 2011 
 

suu400 


 ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့   ယနေ့သွားရောက် တွေ့ဆုံ ဆွေးနွေးသော 
ဂျွန်မက်ကိန်း (ဓာတ်ပုံ-ဧရာဝတီ)



အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံရာ  မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။




Read More...

Friday, May 27, 2011

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

26 May 2011 နေ့သစ်

ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့ ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိမှုတွေကိုတော့ မသိရှိရသေးပါ။



Read More...

Thursday, May 26, 2011

ကရင် နယ်ခြားစောင့် အချင်းချင်း ပစ်ခတ်

26 May 2011
ဧရာဝတီ သတင်း

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBAတပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့ သည့် အင်္ဂါနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားသူများသည် နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၂ မှ ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှုများကြောင့် ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KNU ဘား အံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။

Read More...

မြဝတီမြို့ အနီးမှာလက်နက်ကြီးသံတွေ ကြားနေရ

26 May 2011
 နေ့သစ်
ဒီကနေ့ မြဝတီမြို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးသံတွေ ကြားရနေရတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။



Read More...

မြဝတီမြို့က ကြံ့ဖွံ့ရုံးကို ဒီကေဘီအေတပ်ဖွဲ့ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်

25 May 2011နေ့သစ်

“၂၆ ရက်နေ့ ဝင်တိုက်မယ်လို့တော့ ကြားတာပဲ ဟုတ်မဟုတ်တော့မသိဘူး။ ခုပဲ ရပ်ကွက် ၅ မီးသတ်ပိုင်းက ဖုန်းဆက်သတိပေးတာ။ မီးသတ်နားမှာက ကြံ့ဖွံ့ရုံး ရှိတယ်လေ။ အဲဒီ ရုံးကို တိုက်မယ်လို့ ကြားတာ။ ဒီရုံးနားနီးတဲ့ လူတွေကတော့ စိတ်ပူနေကြတယ်။ ကျနော်တို့ နေတဲ့ နေရာနဲ့ တော့ နဲနဲလှမ်းတယ်။ တကယ်လို့ ဖြစ်လာရင်တော့ အိမ်အောက်က ကျင်းထဲ ဝင်ပုန်းကြမှာပေါ့။ ဟုတ်။ ဒီလိုပဲ ဝင်တိုက်မယ် ဝင်တိုက်မယ် ဆိုတဲ့ သတင်းတွေကတော့ ခဏခဏ ကြားတာပဲ၊ ဗုံးတွေလည်း မကြာမကြာကွဲတယ်၊ အမြောက်ပစ်သံခတ်သံတွေလည်း မကြာခဏဆိုသလို ကြားနေရတာပဲ။


Read More...

Wednesday, May 18, 2011

ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား

သန်းထိုက်ဦး Wednesday, 18 May 2011

အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။

dkba-soldiers-10
ယခင် KNLA ထိန်းချုပ်ထားသည့် ဧရိယာကို ၅ သုံးလုံးဂိတ်မှ DKBA တပ်သားများ စောင့်ကြပ်နေစဉ် (ဓာတ်ပုံ - Alex Ellgee/ဧရာဝတီ)

တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။


Read More...

ကျိုက်ဒုံမြို့နယ်ခွဲ ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

Tuesday, 17 May 2011

မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ်တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။
လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)

Read More...

Tuesday, May 17, 2011

ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့် ထောင်ဒဏ် ၁ နှစ်လျှော့

ဖနိဒါ | တနင်္လာနေ့၊ မေလ ၁၆ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ အများမျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသား အစုလိုက် အပြုံလိုက် လွှတ်ပေးခြင်းမဟုတ်ပဲ သမ္မတဦးသိန်းစိန် အစိုးရသစ်က ထောင်ဒဏ်ကျခံနေရသူ အားလုံးကို ထောင်ဒဏ် ၁ နှစ်လျှော့ပေးလိုက်သည်။





Read More...

Sunday, May 15, 2011

ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲဝင်ပါတီ စတင်ဆောင်ရွက်

2011-05-15

ကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ် ပြန်လာ ရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးသိန်းစိန်အစိုးရ ကို တင်ပြထားတယ်လို့ သိရပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ကရင် ငြိမ်းချမ်းရေးကော်မတီရဲ့ ပန်ကြားချက်အရ လက်နက်ကိုင် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ ဖလုံ-စဝေါ်ပါတီ က ကြိုးစား ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးဝါက ပြောပါတယ်။


“ငြိမ်းချမ်းရေး ကော်မတီဘက်ကတော့ ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေပါပြီပေါ့။ ကျမတို့တွေကို ဒီဘက်က နိုင်ငံတော်နဲ့ လုပ်ငန်း အကောင်အထည်ဖော်ဖို့ တာဝန်ပေးပါတယ်။ အထူးသဖြင့် ဦးစောသိန်းအောင်နဲ့ ကျမ ဒေါ်နန်းစေးဝါကို ပေါ့နော်”

ကရင် ငြိမ်းချမ်းရေးကော်မတီကို ဘာသာရေးဆိုင်ရာ အကြီးအကဲတွေနဲ့ ဒေသခံမြို့မိမြိုဖ ကရင် တိုင်းရင်းသား ၉ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပ ပြီးစီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာလည်း ကရင် စစ်ပြေးဒုက္ခသည်တွေ နေရပ် ပြန်လာရေးကိစ္စကို ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က တင်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေကို ပြန်ရောက်တဲ့အခါမှာ ရှင်းပြခဲ့ပေမယ့် အစိုးရရဲ့ကမ်းလှမ်းချက်ကို ကရင်ပြည်သူတွေဘက်က မယုံကြည်တဲ့အကြောင်း နန်းစေးဝါက ပြောပါတယ်။

“လွှတ်တော်မှာတုန်းကတော့ ဖလုံ-စဝေါ်ပါတီက တင်ပြထားပါတယ်။ ဒီကိစ္စကို ကျမတို့ တအားကို လုပ်ချင်တယ်၊ ကရင်ပြည်နယ် လူထုအတွင်းမှာ ဒါကို လိုလားတယ် ဆိုတာကို။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ကြီးက သူတို့လည်း ဒါကို အမြဲတမ်း လက်ကမ်းကြိုဆိုနေပါတယ်ပေါ့။ ဒီကိစ္စကို ပြောတော့ အပစ်အခတ် မရပ်သေးတဲ့အတွက် မယုံရဲသေးဘူးဆိုပြီး အဲဒီဘက်က ရွာသားတချို့က ပြောပါတယ်”

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖလုံ-စဝေါ်ပါတီရဲ့ တင်ပြချက်နဲ့ ပတ်သက်လို့ ဦးသိန်းစိန် အစိုးရဘက်က တစုံတရာ တုန့်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရတပ်တွေနဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Read More...

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

မအေးအေးမာ တနင်္ဂနွေ,
15 မေ 2011

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…

“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”

မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။

“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”

မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။

DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Read More...