Thursday, 21 October 2010 17:29 သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် မိုးညှင်းမြို့ အထက ၂ ကျောင်းအုပ်ဆရာကြီးသည် ကျောင်းဝင်းအတွင်း၌ ယခုလ ၁ဂ ရက်နေ့ ညနေ ၂ နာရီကျော်ခန့်က မူးယစ်ဆေးစွဲ လူငယ်တစ်ဦး၏ ဓါးဖြင့် ထိုးခြင်းခံခဲ့ရပြီး မိုးညှင်းဆေးရုံတွင် တက်ရောက် ကုသနေရ ကြောင်း သိရသည်။
ထိုနေ့က အထက ၂ ကျောင်း စာမေးပွဲစစ်နေပြီး ကျောင်းဝင်းအတွင်း ဆေးလိပ်သောက်နေသည့် မတူး ဆိုသူ လူငယ် အား ကျောင်းအုပ်ကြီး ဦးသန်းထွန်းက ခေါ်ယူမေးမြန်းစဉ် မတူးက ဓါးဖြင့် ထိုးခြင်းကြောင်း မိုးညှင်းမြို့ခံ ကျောင်းသား မိဘ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မွန်းလွဲပိုင်း ၂ နာရီကျော်လောက်မှာ ကျောင်းဝန်းထဲ ဆေးလိပ်သောက်နေတဲ့ကောင်လေးကို ကျောင်းအုပ်ကြီးက မြင် တော့ ခေါ်ပြီး မေးတယ် အဲဒီမှာ ကောင်လေးက ပါလာတဲ့ဓါးနဲ့ဆရာကြီးရဲ့ရင်ဝကိုထိုးတယ် ဆရာကြီးကလှည့်လိုက်တော့ နောက် ကျောကို ထိုးမိသွားတယ် ဆရာကြီးက မိုးညှင်းဆေးရုံမှာအတွင်းလူနာအဖြစ် ကုသနေရတယ် ” လို့ သူကပြော သည်။
အဆိုပါလူငယ်သည် မိုးညှင်းမြို့၌ မူးယစ်ဆေးသုံးစွဲ၍ လူမိုက်ဂိုဏ်းဖွဲ့ရမ်းကားနေသော လူငယ်တစ်ဦးဖြစ်ပြီး အခင်းမဖြစ် ခင် စာမေးပွဲခန်းမှထွက်လာသော ကျောင်းသားများထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
“ကျောင်းတွေမှာရမ်းကားနေတဲ့ ကချင်လူငယ်တစ်စုရှိပါတယ် ကျောင်းတွေမှာ ပိုက်ဆံရှိတဲ့ကလေးတွေကို ခြိမ်းခြောက် ငွေ တောင်းတယ် ရတဲ့ပိုက်ဆံနဲ့ မူးယစ်ဆေးသုံးစွဲတယ် အဲဒီနေ့က စာမေးပွဲခန်းထဲကထွက်လာတဲ့ ကလေးတွေ ဆီမှာ ငွေ တောင်းခဲ့သေးတယ်” လို့ သူက ဆိုသည်။
ဓါးထိုးမှုကျူးလွန်သူ မတူး မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ယနေ့တိုင်ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။ ၄င်းဖြစ် ရပ်၏နောက်ကွယ်တွင် လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုတွင်ကျယ်နေခြင်းကြောင့် ဖြစ်ကြောင်း သူက ဆက်ပြော သည်။
“မိုးညှင်းမှာဆို အောင်သပြေရပ်ကွက် ကောလိပ်ရှိတဲ့ရွာသစ်ကုန်းလိုနေရာတွေမှာဆို လွတ်လွတ်လပ်လပ်ကို ရောင်းနေတာ ကျောင်းသားကအစ သုံးစွဲတယ် ဆရာဆရာမများနဲ့ မိဘများက ဒီကိစ္စကို တိုင်တယ် သက်ဆိုင်ရာကအရေးမယူဘူး တရား ရုံးရောက်ရင်လည်း တရားသူကြီးများက ငွေယူပြီးပြန်လွတ်တယ် နဂိုအတိုင်း မူးယစ်ဆေးဝါး ပြန်လုပ်နေတာပဲ” လို့ သူက ဆိုသည်။
ကချင်ပြည်နယ်တွင် ကျောက်စိမ်းမှော်၊ ရွှေတွင်း၊ သစ်လုပ်ငန်းများမှတဆင့် ဒေသတွင်းသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့ ရောက် ရှိနေကြောင်း သိရသည်။
မူးယစ်ဆေးဝါးရောင်းသူများကလည်း ရဲကြေး၊ စရဖကြေး၊ စသုံးလုံးကြေး များပေး၍ တရားဝင်လုပ်ငန်းတစ်ခုကဲ့သို့ လုပ် ကိုင် နေကြောင်း သိရသည်။
Thursday, October 21, 2010
မူးယစ်ဆေးစွဲလူငယ်က ကျောင်းအုပ်ဆရာကြီးကို ဓါးဖြင့်ထိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment