Tuesday, February 22, 2011

ပလောင်အမျိုးသမီးငယ်အား နအဖစစ်သား အုပ်စုလိုက် မုဒိန်းကျင့်



Monday, 21 February 2011 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း၌ ယခုလဆန်းပိုင်းက အသက် ၁၆ နှစ်အရွယ် ပလောင်အမျိုးသမီးငယ်တဦး လုံခြုံရေး ကင်းလှည့် အဖွဲ့၏ အုပ်စုလိုက် မုဒိန်းကျင့်မှု ခံခဲ့ရကြောင်းသိရသည်။
ကွန်ဟိန်းမြို့နယ် (တာ့ကော့်သံလွင်တံတားအနောက်မြောက်ဖက်) ဖန်လန်းရွာမှ မိုင်ဝက်ခန့်ဝေးသော နမ့်မော်ငင်းရွာ အသွားလမ်း၌ (ကျိုင်းတောင်း) ခမရ ၅၇၄ မှ လုံခြုံရေးကင်းလှည့်တပ်ဖွဲ့နှင့် ပက်ပင်းတိုးမိရာမှ မုဒိန်းကျင့်ခံ ရခြင်းဖြစ်သည်။
သိပ်မဝေးဘူးဆိုပြီးတော့ ကောင်မလေးက တယောက်ထဲခြေကျင်လျှောက်သွားတာ။ ကံဆိုးချင်တော့ လမ်းမှာ ဗမာစစ် သားတွေနဲ့ တိုးတော့တာကိုး။   ယောက်ရှိတယ်။ ခေါင်းဆောင်ဘယ်သူလဲမသိဘူး။ ခမရ ၅၇၄ ဆိုတာဘဲသိတယ်မုဒိန်း ကျင့်ခံရသူနှင့် အမျိုးတော်စပ်သူ တာ့ကော်ဒေသခံတဦးကပြောပြသည်။

အုပ်စုလိုက် မုဒိန်းကျင့်ခံရသူအမျိုးသမီးမှာ ဖန်လန်းအုပ်စု လွယ်ဟန်းရွာသူဖြစ်ပြီး အဆိုပါ စစ်အုပ်စုမှာ ကျိုင်းတောင်း အခြေစိုက် ခမရ ၅၇၄ မှ ကွန်းဟိန်း တာ့ကော်ဘက် လမ်းလုံခြုံရေးသွားယူသည့် အုပ်စုဖြစ်သည်။

ကောင်မလေးကို ဖမ်းချုပ် မျက်နှာ အဝတ်နဲ့စည်းထားပြီး တယောက်ပြီးတယောက် မုဒိန်းကျင့်တာတဲ့။ ကျေးလက် တောရွာသားတွေဆိုတော့တိုင်ဖို့ တန်းဖို့လဲ ဘယ်ရဲ ကြမလဲ - ဟု ၎င်းကဆက်လက်ပြောပြသည်။

ရွေးကောက်ပွဲအကြို ၂၀၁၀ နိုဝင်ဘာ ရက်တွင်လည်း မိုင်းနောင်အခြေစိုက် ခမရ ၂၈၆ က ဗိုလ်မှူးဝင်းဇေလတ်ဦး ဆောင်သည့်တပ်ဖွဲ့က ကိုယ်လက်အင်္ဂါမစုံသူ ဝမ့်ဝိန်းကောင်ရွာသူအားလည်းကောင်း၊  ရွေးကောက်ပွဲနောက်ပိုင်း နိုဝင်ဘာ ၂၀ ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား လည်းကောင်း အဓမ္မကျူးလွန်ခဲ့ကြသည်။

No comments:

Post a Comment