Friday, December 17, 2010

ကရင်ဒုက္ခသည် မိသားစု ၅စု ဂျပန်နိုင်ငံတွင် ပထမဆုံး အခြေချခွင့်ရရှိ

Friday, 17 December 2010

ဂျပန်နိုင်ငံ တိုကျိုမြို့သို့ တတိယနိုင်ငံအခြေချမှု အစီ အစဉ်ဖြင့် ရောက်ရှိလာသော ကရင်မိသားစု ၅ စုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ အန်တိုနီယို ဂူးတားရပ်စ် မှ နွေးထွေးစွာ
တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
မစ္စတာ ဂူးတားရပ်စ်က “ဂျပန်နိုင်ငံကို ဒုက္ခသည်အဖြစ် ပ ထမဆုံး အခြေချခွင့်ရတဲ့ အုပ်စုပါပဲ။ ခင်ဗျားတို့တတွေ ဂျ ပန်လူ့အဖွဲ့အစည်းနဲ့ တသားထဲ အောင်အောင်မြင်မြင် ပေါင်းစည်းသွားနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ ကလေးတွေလည်း အနာဂတ် ဂျပန်နိုင်ငံမှာ ဒေါက်တာတွေ အင်ဂျင်နီယာတွေ ဖြစ်လာဖို့ မျှော်လင့် ပါတယ်” ဟု ကရင်ဒုက္ခသည်မိသားစုများကို အားပေး ပြောဆိုခဲ့သည်။
 ပေါ်တူဂီနိုင်ငံသား အန်တိုနီယို ဂူးတားရပ်စ် မှာ ဂျပန်နိုင်ငံတွင် ဒုက္ခသည်လက်ခံရေးအစီအစဉ် အကောင် အထည်ဖော်ဖို့ အခိုင်အမာ တောင်းဆိုခဲ့သူ ဖြစ်သည်။ စက်တင်ဘာနှင့် အောက်တိုဘာလတွင် ကရင်ဒုက္ခ သည်များ ထိုင်းနိုင်ငံမှ ရောက်ရှိလာပြီးနောက် တိုကျိုမြို့သို့ ဂူးတားရပ်စပ်က တကူးတက လာရောက်တွေ့ဆုံ ခြင်း ဖြစ်သည်ဟုဆိုသည်။
ကရင်မိသားစုတွင် ကလေးလူကြီး စုစုပေါင်း ၂၇ ဦးပါဝင်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ မဲလှ ဒုက္ခသည်စခန်းမှ ထွက်ခွါသွားသုများ ဖြစ်သည်။ မဲလှ ဒုက္ခသည်စခန်းတွင် လက်ရှိ ဒုက္ခသည် ၅၀၀၀၀ ကျော် ရှိနေသည်။
ဂူးတားရပ်စ် က “ခင်ဗျားတို့ဟာ စစ်ဘေးစစ်ဒဏ်နဲ့ ဒုက္ခအ၀အ၀ ကြုံတွေ့ခံစားခဲ့ရတယ်ဆို ကျနော် သိပါ တယ်။ ဒုက္ခသည်စခန်းတွေထဲမှာ အခြေအနေတွေက အလွန်ဆိုးပါတယ်။ အိမ်သစ်ရာသစ် နေရာသစ်ကို ခင်ဗျားတို့ နောက်ဆုံး တွေ့ရှိ နိုင်ပြီလို့ ကျနော်မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံကို ရောက်ရှိပြီးကတည်း ကလေးများအပါအ၀င် ထိုမိသားစုဝင်များသည် ဂျပန်ဘာသာစကား၊ အိမ်တွင်းလျှပ်စစ်ပစ္စည်း သုံးစွဲနည်း၊ ရေအိမ်သုံးနည်း စတဲ့ သင်တန်းများ သင်ယူနေရပြီ ဖြစ်သည်။
သတင်း The Japan Times

No comments:

Post a Comment