October 2010 14:55 သျှမ်းသံတော်ဆင့်
နိုင်ငံတစ်ဝှန်းရှိ နအဖစစ်တပ်မှ ဒုရင်းမှူး ၁၀၀ ခန့်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ ရက်သတ္တနှစ်ပတ်ကြာ တပ်ရင်းမှူး သင်တန်းတက်ရောက်နေပြီး သင်တန်းပြီးဆုံးပါက တပ်ရင်းမှူးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။
ယခုလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်တွင်း ရာထူးပြောင်းရွှေ့တွင် လစ်လပ်သွားသည့် နေရာများသို့ ပြန်လည် အစားထိုး မည့် အစီအစဉ် ဖြစ်ကြောင်း စစ်ဘက်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ အပြောင်းအလဲအတွင်း လစ်လပ်သွားသည့် စစ်ဦးစီးမှူး ပထမတန်း (G1) နေရာသို့ တပ်ရင်းမှူးများ ၀င်ရောက်မည် ဖြစ်ပြီး စစ်ဦးစီးမှူး ပထမတန်း (G1) က စစ်ဗျူဟာမှူး နေရာသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“ဒုရင်းမှူးတွေက တပ်ရင်းမှူးသင်တန်းနှစ်ပတ် တက်တာပေါ့၊ သင်တန်းဆင်းတာနဲ့ ဘယ်သူက ဘယ်တပ်ရင်း ဆိုပြီးတစ်ခါ တည်းပို့မယ် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လစ်လပ်တဲ့နေရာတွေကို အစားထိုးမှာ ဒုရင်းမှူးက တပ်ရင်းမှူး၊ တပ်ရင်းမှူးက ဂျီဝမ်း၊ ဂျီဝမ်းက ဗျူဟာမှူးနေရာဖြစ်မယ်” လို့ စစ်သတင်းရပ်ကွက်က ပြောသည်။
ပြီးခဲ့သည့် နအဖတပ်တွင်း ရာထူးအပြောင်းအလဲတွင် ဒုတိုင်းမှူး၊ တပ်မမှူး၊ စစ်ကျောင်းအုပ်၊ ဗျူဟာမှူး နှင့် စစ်ဦးစီးမှူး ပထ မတန်း စုစုပေါင်း ၁၀၀ ၀န်းကျင်ခန့်ကို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
စစ်တိုင်းဋ္ဌာနချုပ် ၁၃ ခုမှ ဒုတိုင်းမှူး ၁၃ ဦးအနက် နေပြည်တိုင်းစစ်ဋ္ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် နှင့် အရှေ့မြောက် တိုင်း စစ်ဋ္ဌာနချုပ်မှ ဒုတိုင်းမှူး ၃ ဦးသာ စစ်ဘက်ရာထူးများသို့ ပြောင်းရွေ့ခဲ့ပြီး ကျန် ၁၀ ဦးမှာ ရာထူးမှ အနားပေးခြင်းခံခဲ့ရ ကြောင်း သိရသည်။
အဆိုပါ လစ်လပ်သွားသော ဒုတိုင်းမှူးနေရာများတွင် ယနေ့အထိ လူစားထိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Sunday, October 17, 2010
၂ ပတ်အတွင်း နအဖတပ်တွင်း ရာထူးနေရာများ လူစားထိုးဖွယ်ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment