Monday, 19 July 2010 19:54 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ၀မ်အင်ကျေးရွာတွင် လမ်းဖေါက်လုပ်ရေး စီမံကိန်းကြောင့် ဖယ်ရှား ခံရမည့် နေအိမ်နှင့်လယ်မြေများအတွက် အာဏာပိုင်များက လျော်ကြေးပေးခြင်း မရှိကြောင်း ဒေသခံများက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
ကြူကုတ်(ပန်ဆိုင်း) မြို့နယ် အာဏာပိုင်များက ကျိန်းစန်းကျော့ရွာမှ တုံခန်ရွာအထိ လမ်းဖေါက်လုပ်ရန် အတွက် ဇူလိုင် လ ၁၅ ရက်နေ့က တိုင်းတာမှုများ ပြုလုပ်အပြီး ၀မ်အင်ရွာမှ မိသားစု ၁၁ စုကို ၄င်းတို့ နေအိမ်နှင့် လယ်မြေများမှ ယခုလ ကုန်ပိုင်းတွင် အပြီးတိုင် ပြောင်းရွေ့ရန် ညွန်ကြားထားခြင်း ဖြစ်သည်။
“၁၅ ရက်နေ့က လောပန်း(သူဋ္ဌေး) ကျိန်းစင့်နဲ့ ပန်ဆိုင်းအာဏာပိုင်တွေ ကျန်းစန်းကျော့ကနေ တုံခမ်အထိ လမ်းဖေါက်ဖို့ ဖွင့်ပွဲလုပ်သွားတယ် လမ်းလည်း တိုင်းသွားတယ် လမ်းဖေါက်မဲ့အထဲမှာ ၀မ်အင်ရွာက အိမ် ၄ လုံးပါတယ် မိသားစု ၇ စုပိုင် တဲ့ လယ်မြေတွေပါတယ် ဒီလကုန်ရင်ရွေ့ပေးရမယ်လို့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လျှော်ကြေးနှင့်ပတ်သက်၍ အာဏာပိုင်များက ပြောဆိုရာတွင် လယ်မြေ တစ်ဧကအတွက် မြန်မာကျပ်ငွေ ၅၀၀၀ ခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၃၀ စီပေးမည်ဟုဆိုပြီး အိမ်အတွက် လျော်ကြေးမပေးကြောင်း သူက ဆိုသည်။
“ဒီမှာ လက်ရှိလယ်တစ်မူး(တရုတ်အတိုင်းအတာ ၊ ၅မူးလျှင် တစ်ဧကရှိ) ပေါက်ဈေးက တရုတ်ငွေ တစ်သောင်းရှိတယ် (မြန်မာငွေ၁၅ သိန်းခန့်ရှိ) သူတို့က တစ်ဧကကိုမှ ယွမ်၃၀ပဲပေးမယ်ပြောတယ် အိမ်အတွက်ကတော့ ဘာလျော်ကြေးပေး မယ်မှ မပြောဘူး” ဟု သူကဆိုသည်။
နေအိမ်များမှ ပြောင်းရွေ့ပေးရမည့် သူများမှာ စိုင်းရီအောင် ၊ စိုင်းအိုက်ကျိန် ၊ မာတန် နှင့်လိုင်းလျှံကျုံးတို့ဖြစ်ပြီးလယ်မြေ သိမ်း ခံရမည့် သူများမှာစိုင်းရီထွန်း၊ စိုင်းအိုက်ပွဲ၊ စိုင်းအိုက်ကျိန်၊ စိုင်းအိုက်ကျင်၊ စိုင်းထွန်းရှင်၊ စိုင်းရီအောင် ငင်းလုံ တို့ ဖြစ်ကြောင်း သိရသည်။
Monday, July 19, 2010
သိမ်းဆည်းခံရသည့် အိမ် နှင့် လယ်မြေများ လျော်ကြေးမရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment