Friday, June 4, 2010

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စောင့်ကြည့်

By ဗွီအိုအေသတင်း သောကြာ, 04 ဇွန် 2010
ဓာတ်ပုံ ASSOCIATED PRESS
FILE - In this Monday, May 21, 2007 file photo, North Korean cargo ship Kang Nam I is docked at Myanmar International Terminals Thilawar port, south of Yangon, Myanmar. The recent aborted voyage of the North Korean ship, photographs of massive tunnels and a top secret meeting have raised alarm bells that one of the world's poorest nations may be aspiring to join the nuclear club - with help from its friends in Pyongyang. No one expects military-run Myanmar, also known as Burma, to obtain an atomic bomb anytime soon, but experts have the Southeast Asian nation on their radar screen. (AP Photo/File)


မြန်မာနိုင်ငံ နဲ့ မြောက်ကိုရီးယား ရဲ့ ဆက်ဆံရေး အပေါ် နိုင်ငံတကာနဲ့အတူ အမေရိကန်က စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကပြောကြားပါတယ်။

“ကျွန်တော်တို့ ရတက်မအေး ဆက်ဖြစ်နေတုံးပါပဲ။ မြောက်ကိုရီးယား နဲ့ မြန်မာနိုင်ငံကြား အပေးအယူလုပ်နေကြတာတွေကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်နေပါတယ်။ နျူကလီယားလက်နက် မပြန့်ပွားရေး အပါအ၀င်၊ နိုင်ငံတကာ ကတိက၀တ်တွေကို မြန်မာနိုင်ငံ အနေနဲ့ လိုက်နာဖို့ ကျွန်တော်တို့ ဆက်လက် အားပေးတိုက်တွန်းချင်ပါတယ်။” လို့ မစ္စတာ PJ Crowley က ပြောကြားသွားတာပါ။

မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီယား လက်နက် ထုတ်လုပ်နိုင်စွမ်းရှိမယ့် စက်ရုံတစ်ရုံကို မြန်မာနိုင်ငံက ကြိုးစားနေတဲ့ အထောက် အထားတွေ ရှိနေပြီလို့ ဒီမိုကရေက်တစ် မြန်မာ့အသံ (DVB) ကပြောခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ PJ Crwoley ကသောကြာနေ့က ပြောကြားသွားတာဖြစ်ပါတယ်။

နော်ဝေးနိုင်ငံ အခြေစိုက် DVB သတင်းဌာနက သောကြာနေ့က အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ နျူကလီယာ လက်နက် ထုတ်လုပ်ဖို့ရည်ရွယ်ပြီး၊ စက်ရုံတစ်ရုံ တည်ဆောက်ဖို့ ကြိုးစားနေတာတွေ့ရှိရတယ်ဆိုတဲ့ DVB ရဲ့ အထောက်အထားတွေကို အပြည်ပြည် ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီက အငြိမ်းစား အကြီးအကဲ Robert Kelley ကစစ်ဆေးခဲ့ပါတယ်။ ဒီအထောက်အထားတွေနဲ့ လေ့ကျင့် နေတာတွေဟာ နျူကလီယား လက်နက်ရရှိရေး ရည်ရွယ်ချက်အတွက်ပဲ ဖြစ်နိုင်တယ်ဆိုတာ သူက သဘောတူပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့နျူကလီယား နည်းပညာတွေကို မြန်မာနိုင်ငံကို လျှို့ဝှက်တင်ပို့နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်ကလည်း ပြီးခဲ့တဲ့လက ပြောခဲ့ပါသေးတယ်။

နား
ဆင်ရန်

No comments:

Post a Comment