Thursday, 24 June 2010 18:00 သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်နှင့် မံစီမြို့နယ်များ အတွင်း၌ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေကြောင်း ဒေသခံ ကားပွဲ စား အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။
ဇွန်လ ၁၉ ရက်နေ့က စတင်ခဲ့သည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွင် ကားသာမက ဆိုင်ကယ်နှင့် ထော်လာဂျီများလည်း ပါဝင်ကြောင်း ဒေသခံကားပွဲစားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီလ ၁၉ ရက်နေ့က စဖမ်းတယ် ကညန (ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဋ္ဌာန) နဲ့ တခြားဋ္ဌာနဆိုင်ရာ ၀န်ထမ်း တွေပါတဲ့ အဖွဲ့တွေကဖမ်းတာ အိမ်တွေတော့ရှာတာမရှိဘူး လမ်းပေါ်တွေ့တဲ့ဟာနဲ့ မြို့အ၀င်ဂိတ်တွေမှာ စောင့်ဖမ်းတယ်” လို့ သူက ဆိုသည်။
“အဖမ်းအဆီးရှိပေမဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ ဒါပေမဲ့ အကြီးသမားတွေတော့ နဲနဲတွန့်သွားတာပေါ့ ဆိုင်ကယ် ကတော့ လိုင်စင်ပေးလို့ ဖမ်းတာ ဟုတ်ပါပြီ တခြားထော်လာဂျီတို့ ကားတို့က လိုင်စင်မှမပေးတာ အရင်ကတည်းက လိုင် စင်မဲ့ပဲ သုံးနေတာလေ ထော်လာဂျီက တစ်လုံးထိုးပဲ လိုင်စင်ပေးတယ် ကျန်တဲ့အကြီးတွေတော့ မပေးဘူး ၄လုံးထိုး ၆ လုံးထိုး အင်ဂျင်အကြီးသမားတွေတော့ ခက်တာပေါ့ ” ဟု သူကဆက်ပြောသည်။
ယခုအခါ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ကျေးရွာများရှိ အိမ်တိုင်းနီးနီးတွင် တရုတ်လုပ်ထော်လာဂျီ၊ မီးစက် ၊ ဆိုင်ကယ်များ တွင်ကျယ်စွာအသုံးပြုလျှက်ရှိကြောင်း သိရသည်။
မိုးမောက်နှင့်မံစီမြို့တို့သည် တရုတ်နယ်စပ် အနီးရှိ လိုင်ဇာ ၊ လွယ်ဂျယ် နှင့်နောင်တောင်းမြို့များနှင့် ကားလမ်းဆက်သွယ် ထားသဖြင့် အရေးပါသောလမ်းဆုံ မြို့များ ဖြစ်သည်။
တရုတ်နယ်စပ်မှ တဆင့် အဆိုပါ လမ်းကြောင်းအတိုင်း လိုင်စင်မဲ့ကား ထော်လာဂျီနှင့်ဆိုင်ကယ်များ တင်သွင်းလျှက်ရှိရာ လတ်တလော ကားအရောင်း အ၀ယ်လုပ်ငန်းသည် ၂၀၀၂ ခုနှစ် အရောင်းအ၀ယ်ခေတ်ကောင်းစဉ်ကဲ့သို့ရောင်းဝယ် ကောင်းသည်ဟုဆို၏။
No comments:
Post a Comment