Sunday, June 20, 2010

အသိနှင့်သတိ

  • သဲနှင့်အုတ်ချပ်
ဆင့်ကာထပ်သော်

မျှော်ရာတိုက်ကြီး

ပြီးစီးနိုင်၏။


  • ထိုနည်းကိုယူ
သတိမူလျှက်

ရဲစွမ်းထက်ထက်

အားမာန်စွက်၍။

  • ကရင့်အင်အား
ဆင့်ပွားများသော်

ရန်ခေါ်ရန်ဆုတ်

ရန်တုန်လှုပ်၏။

  • ရဲရင့်ကိုယ်စီ
သွေးစည်းညီက

အားကိုအားဟု

သိမှတ်ပြု၏။

  • သိဥာဏ်အင်အား
ဆင်ခြင်အားနှင့်

မျှော်မြင်ရှေ့နောက်

ရှိထားသင့်၏။

  • လက်ကိုင်နှုတ်ဆက်
နှုတ်မြွက်ချိုလည်း

တုယောင်ခွဲခြား

သိထားသင့်၏။

  • သူသည်လည်းပြုံး
ကိုယ်လည်းပြုံးနှင့်

သူ့ တွင်းစိတ်ဓါတ်

သိထားသင့်၏။

  • သူခေါ်လည်းသွား
သူပြောနားထောင်

သူ့ ကြိုက်ဆောင်ကို

အကောင်းသတိရှိသင့်၏။

  • ဒေါနတောင်စဉ်
ဇွဲကပင်နှင့်

ကရင်မွေနှစ်

ဖိုးဖွားဖြစ်ကို

သက်လိုတစ်မျှ

ထိန်းသိမ်းကြလျှင်

ဘိုးစဉ်ဘောင်ဆက်

ဖွားဖက်ကရင်

ဂုဏ်လွန်တင့်မည်

ကြိုင်သင့်ကမ္ဘာမငြိုးတည်း။

စောကြယ်ပျံ

ဖားစည်သံမှ ကူးယူဖေါ်ပြအပ်ပါသည်။

No comments:

Post a Comment